International News

IMF က အမေရိကန်၏ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုအပေါ် သတိပေးမှုကြောင့် တောင်အာဖရိကနိုင်ငံ၏ ဗဟိုဘဏ်သည် အတိုးနှုန်းမြင့် တက်လာနိုင်ခြေရှိခြင်း

Last Updated:

ကမ္ဘာ့စီးပွားရေးအကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံ၏ ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့် လက်ရှိငွေကြေးမူဝါဒကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေမှုသည် တောင် အာဖရိကနိုင်ငံ ဗဟိုဘဏ်အား အတိုးနှုန်းထပ်မံမြှင့်တင်ရမည့်အခြေအနေသို့ တွန်းပို့နေကြောင်း၊ IMF ကအမေရိကန်နိုင်ငံသည် ကိုဗစ်ဗီဇပြောင်း Omicron ဖြစ်ပေါ်မှု ကြောင့် ကုန်ထုတ်လုပ်မှုလျော့နည်းပြီး ကုန်ဈေးနှုန်းကြီးမြင့်နေ၍ အတိုးနှုန်းမြှင့်တင်မည့်အခြေအနေရှိကြောင်းကို ဖွံ့ဖြိုးဆဲနိုင်ငံများအား ထည့်သွင်းစဉ်းစားရန် ထောက်ပြခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဒီဇင်ဘာလမှစတင်၍ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သည့်အခြေအနေဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပေါ်မှုသည် နှစ် ၄၀ တွင် အမြင့်ဆုံးဖြစ်နိုင်ကြောင်း၊ အဆိုပါဈေးကွက်အခြေအနေသည် အမေရိကန်ဗဟိုဘဏ် အားအတိုးနှုန်းမြှင့်တင်ရန်အချက် ဖြစ်စေကြောင်း သိရှိရပါသည်။

 

စီးပွားရေးပညာရှင်များက ပြောကြားရာတွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာနိုင်မှုသည် ငွေကြေးဖောင်းပွမှု ကြာရှည်စွာဖြစ်ပေါ်မှုမရှိသည့် အမေရိကန် စီးပွားရေးအပေါ်မူတည်နေကြောင်း၊ အမေရိကန်နိုင်ငံ၏ ငွေကြေးမူဝါဒတင်းကျပ်မှုသည် ဆင်းရဲသည့်နိုင်များကို အထိနာစေနိုင်ကြောင်း၊ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်း လျင်လျင်မြန်မြန်မြှင့်တင်ခြင်းသည် ငွေကြေးဈေးကွက်ကို ထိရောက်စေပြီး ကမ္ဘာ့ငွေကြေးအခြေအနေများကို အကျပ်ရိုက်စေနိုင်ကြောင်း၊ ယခင်နှစ်တွင် နိုင်ငံများစွာ၌ အမေရိကန်ဒေါ်လာချေးငှားမှုနှုန်း လျှော့နည်းခဲ့သော်လည်း ပြည်တွင်းငွေကြေးဖောင်းပွမှုနှင့် နိုင်ငံခြားငွေရန်ပုံငွေတည်ငြိမ်နိုင်ရန် လိုအပ်ခြင်းများ ကြောင့် တောင်အာဖရိကနိုင်ငံ၊ ဘရာဇီးလ်နိုင်ငံနှင့် ရုရှားနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများစွာတွင် အတိုးနှုန်းမြှင့်တင်မှုကို စတင်ဆောင်ရွက်ခဲ့ရကြောင်း သိရှိရ ပါသည်။

တောင်အာဖရိကနိုင်ငံ ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြန်လည်ဝယ်ယူသည့်နှုန်းကို ၂၅ မှတ်၊ .၇၅ ရာခိုင်နှုန်းအထိ မတ်လမှစတင်လျှင် ပထမဆုံးအကြိမ် မြှင့်တင်ခဲ့ရကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင်လည်း အမေရိကန်နိုင်ငံ ဗဟိုဘဏ်၏ အတိုးနှုန်းမြင့်တက်မှုနှင့်အတူ ဈေးကွက်နှင့်ကိုက်ညီရန် ၂၅ မှတ်အထိ မြှင့်တင်နိုင်ဖွယ်ရှိကြောင်း၊ တောင်အာဖရိကနိုင်ငံ၏ ရန်း ငွေကြေးရောင်းဝယ်မှုသည် အမေရိကန်ဒေါ်လာအတိုးနှုန်း အလျင်အမြန်မြင့်တက်မှုအပေါ်တွင် အတက်အကျများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့သော် ၂၀၂၂ ခုနှစ်အစသည် တောင်အာဖရိကနိုင်ငံ၏ စီးပွားရေးကောင်းမွန်သည့်အနေအထားတွင် ရှိနေသေးသည့် အတွက် အမေရိကန်နိုင်ငံ၏ အတိုးနှုန်းမြှင့်တင်မှုသည် ရန်းငွေကြေးကို များစွာထိခိုက်မှုမရှိနိုင်သေးကြောင်း သိရှိရပါသည်။           

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)                                                                        

Source:           https://www.iol.co.za/business-report/economy/sa-reserve-bank-could -hike-the-repo-rate-as-imf-sounds-us-inflation-warning-a8727ff1-031 d-4052-aad0-7fa33988150e

Category: International News